Join MCIA

မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ ကြိုဆိုပါသည်။ကျွန်ုပ်တို့ပြောင်းလုပ်ငန်းအသင်းဟာဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ပြောင်းလုပ်ငန်းစဉ်ကြီး တစ်ခုလုံး ကြီးထွားဖွံ့ဖြိုးစေရန်နဲ့ ရေရှည်တည်တံ့စေမယ့် တိုးတက်မှုကိုရည်ရွယ်ပါသည်။ ကျွန်ုပ်တို့ရဲ့ အဖွဲ့ကို ပြောင်းစိုက်တောင်သူတွေ၊ ပြောင်းလုပ်ငန်းလုပ်ဆောင်သူများ၊ ကုန်သည်ကြီးများ၊ Export/Import လုပ်ငန်းရှင်များနဲ့ တခြားဆက်စပ်စီးပွားရေးလုပ်ငန်းရှင်များဖြင့် ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် အောင်မြင်မှုရရှိစေရန် ဖွဲ့စည်းလျှက်ရှိပါသည်။ 
မြန်မာနိုင်ငံတွင် ပြောင်းလုပ်ငန်း ခိုင်မာစေရန်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောရေးကို အထောက်အကူဖြစ်စေရန် အကျိုးအမြတ်ကောင်းများရရှိစေရန် ကျွန်ုပ်တို့အသင်းနဲ့ ပူးပေါင်းပါဝင်ရန်ဖိတ်ခေါ်လိုက်ရပါသည်။